စစ်တမ်းများတွင် ငွေရှာပါ။
သင့်တွင် အားလပ်ချိန်တချို့ရှိပြီး ထိုအချိန်တို့ကို <strong>အကျိုးရှိထိမိစွာ</strong> အသုံးချလိုပါသလား?

မင်း မှန်ကန်တဲ့ နေရာမှာ ရှိနေတယ်။
အခုပဲအကောင့်ဖန်တီးပြီး ကျွန်ုပ်တို့၏ အခကြေးငွေပေးသော စစ်တမ်းဖြေဆိုမှုများတွင် ပါဝင်ခြင်းအားဖြင့် ကမ္ဘာ့စျေးကွက်ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးမှုတွင် ကျွန်ုပ်တို့ကို ကူညီပေးပါ!
သင့်ထင်မြင်ချက်များကို ထုတ်ဖော်နိုင်သည့် အခွင့်အရေးကို ထောက်ပံ့ပေးမည့် စျေးကွက်သုတေသနပလက်ဖောင်းတစ်ခုဖြစ်သည့် TGM ကို အသုံးပြုလိုက်ပါ။
ကမ္ဘာတဝန်းရှိ ကုမ္ပဏီများသည် သုံးစွဲသူဖြစ်သော သင့်၏ကြိုက်နှစ်သက်မှုများနှင့် သဘောမကျမှုများကို သူတို့အား အသိပေးရန် စောင့်ဆိုင်းနေကြပါသည်။ ကမ္ဘာကြီးပြောင်းလဲနေချိန်တွင် ဒီအတိုင်းထိုင်ကြည့်မနေလိုက်ပါနှင့်၊ ကျွန်ုပ်တို့၏ အခကြေးငွေပေးသော စစ်တမ်းများ တွင်ပါဝင်ဖြေဆိုလိုက်ပါ!
ကျွန်ုပ်တို့၏စစ်တမ်းများကို ဖြေဆိုသည့်အခါတွင် လွယ်ကူပြီးပျော်စရာကောင်းအောင် ဒီဇိုင်းဆွဲပေးထားပါသည်။ ကျွန်ုပ်တို့၏စစ်တမ်းများသည် သင့်ကိုလည်း သုံးစွဲသူအနေဖြင့် တိုးတက်အောင် ကူညီပေးပါလိမ့်မည်။ သင်အသုံးပြုနိုင်သောမည်သည့်စက်ပစ္စည်းမဆို (ဖုန်း၊ ကွန်ပျူတာ) နှင့် အင်တာနက်ရှိရုံဖြင့် ပါဝင်ဖြေဆိုနိုင်ပါသည်!
ဘာကြောင့်ကျွန်ုပ်တို့နှင့်ပူးပေါင်းသင့်လဲ?
အခကြေးငွေပေးသော မိုဘိုင်းစစ်တမ်းများ
ဒေတာနှင့်အမည်မဖော်လိုမှုများအတွက် လုံခြုံမှု
သတ်မှတ်ချက်များနှင့်ကန့်သတ်ချက်များမရှိ
အရှုပ်အယှက်လုံး၀မရှိ! ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာအသိုင်းအဝိုင်းတွင် ပါဝင်ခြင်းသည် လုံး၀အခမဲ့ဖြစ်ပါသည်။ ယခုပဲ အကောင့်အသစ်ပြုလုပ်ပြီး အွန်လိုင်းမှတဆင့် ငွေရှာလိုက်ပါ!
နေရာမရွေး၊ အချိန်မရွေး၊ စက်ပစ္စည်းမရွေး!
သင့်ဆုလက်ဆောင်ကို လွယ်ကူစွာရယူနိုင်ပါသည်
သင့်ထင်မြင်ချက်ကို ကျွန်ုပ်တို့ တန်ဖိုးထားပါသည်
ကောင်းမွန်သည့်ပြောင်းလဲမှုကို အတူပြုလုပ်ခြင်း
ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုတွင် အတူတကွပါဝင်ပေးခြင်းသည် ကမ္ဘာ့စျေးကွက်တွင် ခိုင်မာသောတိုးတက်မှုအတွက် တွန်းအားပေးနိုင်မည့်စွမ်းရည်ကို ကျွန်ုပ်တို့အားပေးအပ်ခြင်းပင်ဖြစ်ပါသည်။ သင်လုပ်ရမည့်အပိုင်းဖြစ်သော ကျွန်ုပ်တို့၏ အခကြေးငွေပေးသောစစ်တမ်းများ တွင် ပါဝင်ပေးခြင်းနှင့် ကျွန်ုပ်တို့လုပ်ရမည့်အပိုင်းဖြစ်သော သင့်ဖြေဆိုမှုများကို နိုင်ငံ 100 ကျော်ရှိ ကမ္ဘာ့ထိပ်တန်းကုန်တံဆိပ်များသို့ ချိတ်ဆက်ပေးခြင်းအားဖြင့် ကုမ္ပဏီများကို ပိုမိုကောင်းမွန်သော ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများ ထုတ်လုပ်နိုင်စေရန်အတွက် ကျွန်ုပ်တို့ အရှိန်အဝါပေးနိုင်မည်ဖြစ်သည်။
သင့်ထင်မြင်ချက်များကို မျှဝေပေးပြီး ကမ္ဘာတဝန်းရှိစျေးကွက်များကို ပိုမိုကောင်းမွန်စေမှုတွင် အပြုသဘောဆောင်သည့်အင်အားတစ်ခုအဖြစ် ပါဝင်လိုက်ပါ။
ဒေတာလုံခြုံရေးသည် ကျွန်ုပ်တို့၏ထိပ်တန်းဦးစားပေးမှုများထဲမှ တစ်ခုဖြစ်သည်
အခကြေးငွေပေးသောစစ်တမ်းများကို ငွေရရန်အတွက် ဖြေဆိုခြင်းသည် အဘယ်ကြောင့် ထိုက်တန်မှုရှိပါသနည်း?
အိမ်တွင်ဖြေဆိုနိုင်သည့် အခကြေးငွေပေးသောစစ်တမ်းများ သည် ဖြေဆိုရန် မခက်ခဲပါ၊ ၎င်းတို့ကို ရိုးရှင်းပြီး ဖြေရလွယ်ကူအောင် ပြုလုပ်ပေးထားပါသည်။ စစ်တမ်းတစ်ခုကို ဖြေဆိုပြီးမြောက်ရန်အတွက် မိနစ်အနည်းငယ်ထက် ပိုမကြာပါ။
ကျွန်ုပ်တို့သည် အခကြေးငွေပေးသောစစ်တမ်းများ ကမ်းလှမ်းသည့် သုတေသနပန်နယ်များ ထဲမှ တစ်ခုတွင် မှတ်ပုံတင်အကောင့်ပြုလုပ်ပြီးသော်လည်း နောက်တစ်ခုသို့ ဝင်ရောက်နိုင်ပါသေးသည်။ ၎င်းသည် ဖြေဆိုပြီးသောစစ်တမ်းများမှ ရရှိသည့် ဝင်ငွေကို တိုးပွားပေးနိုင်သည့်အတွက် ကောင်းမွန်သော နည်းလမ်းတစ်ခုဖြစ်ပါသည်။
စစ်တမ်းများသည် များသောအားဖြင့် ဒေသတွင်းစျေးကွက်သို့မရောက်သေးသော ဝန်ဆောင်မှုများနှင့်ကုန်ပစ္စည်းများအကြောင်းကို မေးလေ့ရှိပါသည်။ ၎င်းသည် ကျွန်ုပ်တို့ကို ပစ္စည်းအသစ်အဆန်းများအကြောင်း ပိုမိုလေ့လာနိုင်မည့်အခွင့်အရေးအား ပေးအပ်ပါသည်။
စစ်တမ်းမှတဆင့် ထုတ်ဖော်လိုက်သော ကျွန်ုပ်တို့၏ထင်မြင်ချက်များသည် သက်ဆိုက်ရာကုမ္ပဏီ၏ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင်မြှင့်တင်မှုတွင် လက်တွေ့ကျသောအရှိန်အဝါကို သက်ရောက်စေပါသည်။ ၎င်းသည် စစ်တမ်းဖန်တီးရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။ စစ်တမ်းများမှဝင်ငွေရရှိခြင်းသည် ကျွန်ုပ်တို့ကို ငွေကြေးသာ ရရှိစေသည်မဟုတ်ဘဲ စစ်မှန်သောစိတ်ကျေနပ်မှုကိုလည်း ပေးအပ်ပါသည်။
TGM ပန်နယ် ဆိုတာ ဘာလဲ၊ သူ့ရဲ့အကူအညီကိုယူပြီး အွန်လိုင်းနှင့်မိုဘိုင်းစစ်တမ်းတွေကို ဘယ်လိုဖြေဆိုရမလဲ?
အင်တာနက်ပေါ်မှာ လွယ်ကူစွာ ငွေဘယ်လိုရှာမလဲ?
ပထမဦးဆုံးခြေလှမ်းမှာ အကောင်းဆုံးစစ်တမ်းဝဘ်ဆိုက်ထဲမှ တစ်ခုဖြစ်သည့် ကျွန်ုပ်တို့၏ဝဘ်ဆိုက်တွင် အကောင့်ပြုလုပ်ခြင်းဖြစ်သည်။ အကောင့်ပြုလုပ်ရာတွင် သင့်အခြေခံအချက်လက်များ၊ အထူးသဖြင့် : သင့်အီးမေးလ်လိပ်စာ၊ မွေးရက်နှင့်ကျားမအမျိုးအစားတို့ကို ဖြည့်စွက်ရမည်။ ဖြည့်လိုက်သောအချက်အလက်များသည် မှန်ကန်ရမည်ကို ကျေးဇူးပြု၍မမေ့ပါနှင့် - မှန်ကန်မှသာ အချက်အလက်နှင့်ရရှိငွေစီးဆင်းမှုများကို ချောမွေ့စေမည်ဖြစ်သည်။ သင်သည် ပန်နယ်ဝဘ်ဆိုက် (သို့) portal.tgmpanel.com သို့သွား၍ ဖြေဆိုသူစာမျက်နှာတွင် အကောင့်ပြုလုပ်နိုင်ပါသည်။
ဒုတိယခြေလှမ်း မှာမူ ဝဘ်ဆိုက်ပေါ်တွင် သင်ဖြစ်ကြောင်းအထောက်အထားနှင့် အကောင့်ပြုလုပ်မှုတို့ကို အတည်ပြုခြင်းဖြစ်သည်။ သင့်အချက်အလက်များကို အတည်ပြုစစ်ဆေးရန်အတွက် သင့်ထံသို့ အီးမေးလ်မှတဆင့် ပို့လိုက်သော လင့်ခ်ကို ကလစ်နှိပ်ရမည်။ ထိုပို့လိုက်သောအီးမေးလ်ကို သင်ရှာမတွေ့ပါက ကျေးဇူးပြု၍ ပရိုမိုးရှင်းနှင့်စပမ်းဖိုင်တွဲများကို စစ်ဆေးပါ။
ကျွန်ုပ်တို့၏အီးမေးလ်များသည် စပမ်းသို့မရောက်ဘဲ သင့်ဝင်စာသို့ ရောက်ကြောင်း သေချာစေရန်အတွက် ကျေးဇူးပြု၍ ကို သင့်အဆက်အသွယ်စာရင်း (သို့) လိပ်စာစာအုပ်သို့ ထည့်သွင်းထားပါ။လွယ်တယ်မလား?

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကောင်ဆုံးစစ်တမ်းဝဘ်ဆိုက်တွေကို ဘယ်လိုရှာရမလဲ?
စစ်တမ်းဖြေဆိုခြင်းမှ ဝင်ငွေရရန်အတွက် ကျွန်ုပ်တို့ဖြေလိုက်သောစစ်တမ်းတိုင်းအတွက် ငွေရရှိမှုကို အာမခံပေးနိုင်သည့် ယုံကြည်ရသော သုတေသနပန်နယ်ကို ရှာဖွေရန်လိုအပ်ပါသည်။ လတ်တလောတွင် အွန်လိုင်းပေါ်၌ ထိုကဲ့သို့သော ပေါ်တယ်များ များစွာပေါ်ပေါက်လျက်ရှိပါသည်။
ဘယ်ဟာကို ရွေးသင့်လဲ?
သင့်အတွက် အသုံးပြုရလွယ်ကူသော၊ တရားဝင်သောနှင့် ထုတ်ယူ၍ရကြောင်းသေချာသော နည်းလမ်းကို အသုံးပြုသင့်ပါသည်။ TGM ပန်နယ်ကို လိုက်ခ်ပေးပါ! သင့်ကို အကောင့်သစ်ပြုလုပ်ပြီး ငွေစတင်ရှာရန်အတွက် ကျွန်ုပ်တို့အားပေးတိုက်တွန်းပါသည်။
စျေးကွက်သုတေသန ဆိုတာဘာလဲ၊ သုတေသနကုမ္ပဏီ ဆိုတာဘာလဲ၊ သုတေသနက ဘာအတွက်လဲ?
စျေးကွက်သုတေသနတွင် ဒေတာစုဆောင်းခြင်းနှင့် ကောက်နှုတ်ချက်များပြုလုပ်ခြင်းတို့ပါဝင်သည်။ ထိုသို့ပြုလုပ်မှုများသည် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအတွက် စျေးနှုန်းသတ်မှတ်မှုများ၊ ၎င်းတို့၏ဝယ်လိုအားနှင့်ရောင်းလိုအားများ၊ သုံးစွဲသူထင်မြင်ချက်နှင့်ပြုမူပုံများ စသည်တို့အပါအဝင် အခြေခံစျေးကွက် သဘောတရားများကို တည်ဆောက်စေပါသည်။
စျေးကွက်သုတေသနသည် ပြိုင်ဆိုင်မှုအရ သွားရမည့်လမ်းကြောင်းကို ဖွင့်ဆိုရှာဖွေမှုတွင်လည်း ကူညီပေးပါသည်။ လက်ရှိတွင် စီးပွားရေးလုပ်ငန်းတစ်ခု၏အောင်မြင်မှုသည် လုပ်ငန်းနယ်ပယ်တွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်မှုတွင် ကူညီထောက်ပံ့ပေးသည့် ခွဲခြမ်းစိတ်ဖြာမှုအပေါ် မူတည်လျက်ရှိပါသည်။ စျေးကွက်လိုအပ်မှုနှင့်မှန်ကန်စွာအသုံးချသော စျေးကွက်ရှာဖွေရေးနည်းစနစ်များကို သိရှိနားလည်ခြင်းသည် ဝန်ဆောင်မှုအသစ်နှင့်ထုတ်ကုန်အသစ်များကို ထွက်ပေါ်လာစေပါသည်။
ယှဉ်ပြိုင်မှုထက် ပို၍လွှမ်းမိုးမှုရှိသော ဒေတာစုဆောင်းခြင်း၏အဓိကအချက်သည် စျေးကွက်သုတေသန ဖြစ်သည်။
စီးပွားရေးလုပ်ငန်း၏လုပ်ဆောင်မှုများအတွက် အရေးကြီးသည့်ဆုံးဖြတ်ချက်များ ပြုလုပ်ရင်း အန္တရာယ်ပိုများလာသောအခါ ထိုကဲ့သို့သော သုတေသနမျိုးကို ပြုလုပ်ရန် အကြုံပြု၍ရပါသည်။ ထိုကဲ့သို့သော အခြေအနေများမှာ :
- သုံးစွဲသူများ၏စိတ်ဝင်စားမှုကို အများအပြားရရှိနေသော ပြိုင်ဘက်ပေါ်လာခြင်း
- စျေးကွက်သစ်သို့ ချဲ့ထွင်ရန် စီစဉ်ထားခြင်း
- ရောင်းသူအသာစျေးကွက်မှ ဝယ်သူအသာစျေးကွက်သို့ ပြောင်းလဲခြင်း
- သက်ဆိုင်ရာနိုင်ငံရှိ အစိုးရ၏ စီးပွားရေးမူများမှ ရည်ညွှန်းနေသော ပြောင်းလဲမှုများရှိခြင်း
- ဝယ်သူ၏လိုအပ်ချက်များ အမြဲပြောင်းနေခြင်းနှင့် သူတို့လိုအပ်မှုများ ကျဆင်းနေခြင်း
- စမ်းသပ်မှုဆိုင်ရာ သုတေသန
- စျေးနှုန်းဆိုင်ရာ သုတေသန
- ကုန်တံဆိပ်ဆိုင်ရာ သုတေသန
- စူးစမ်းရှာဖွေရေးဆိုင်ရာ သုတေသန
- သုံးစွဲသူစိတ်ကျေနပ်မှုဆိုင်ရာ သုတေသန
- Household panels
သုတေသန နည်းလမ်းရွေးချယ်မှုအပေါ် သက်ရောက်မှုရှိသည့် အချက်များစွာရှိပါသည်၊ ဥပမာအားဖြင့် ဒေတာစုဆောင်းရန်အတွက် ရရှိသောအချိန်၊ သုတေသနလုပ်မည့်နေရာဒေသ၏ အရွယ်အစား၊ ငွေကြေးအသုံးစရိတ်နှင့် သုတေသနရည်ရွယ်ချက်တို့ဖြစ်သည်။
စစ်တမ်း (စစ်တမ်းဝဘ်ဆိုက်များမှ မှာယူနိုင်သည့်) သည် လူကြိုက်အများဆုံး သုတေသနနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဒေတာစုဆောင်းရန်လွယ်ကူမှုနှင့် လွယ်ကူသောခွဲခြမ်းစိတ်ဖြာမှုတို့ကြောင့် ၎င်းသည် စျေးကွက်သုတေသနအတွက် အခြေခံကိရိယာဖြစ်လာပါသည်။
အင်တာနက်ခေတ်ကြီးတွင် ဒေတာစုဆောင်းမှုအတွက် အလွယ်ကူဆုံးနှင့် စျေးအသက်သာဆုံးနည်းလမ်းမှာ စစ်တမ်းဝဘ်ဆိုက်များမှ အွန်လိုင်းနှင့်မိုဘိုင်းစစ်တမ်းများ ကောက်ခံခြင်းဖြစ်သည်။ ထိုသို့သော သုတေသနများသည် ရင်းနှီးမှုနည်းနည်းဖြင့် သက်ရောက်မှုများများရနိုင်ပါသည်။ အွန်လိုင်းစစ်တမ်းမေးခွန်းများသည် ရိုးရှင်းပြီး ဖြေဆိုသူများမှလည်း အခက်အခဲမရှိပါ ဖြေဆိုနိုင်ပါသည်။
စစ်တမ်းဖြေဆိုသူ အမည်မဖော်ပြမှုသည် ဖြည့်စွက်လိုက်သောအဖြေများအပေါ် ယုံကြည်နိုင်စွမ်းကို အာမခံပေးပါသည်၊ ထိုအချက်သည် ပြုလုပ်နေသောသုတေသန၏ ထိရောက်မှုနှင့် ဆက်စပ်လျက်ရှိသည်။